ဆိုဒ်လေးကိုလာရောက်ကြတော့ မိတ်ဆွေတို့အစစအရာရာအဆင်ပြေပါစေ RVM က Myanmar နိုင်ငံအတွက် နည်းပညာလေ့လာနေကြသော လူငယ်များဖြစ်ပါတယ်။ အဆင်မပြေတာများရှိရင် Comment မှာပြောကြားခဲ့ပေးပါ။ မြန်မာနိုင်ငံတွက်အမြဲတမ်းတည်ရှိနေမည့် RAF VS MHTG

Private DataများကိုControl Panel အယောင်ဆောင်၍လုံခြုံစွာသိမ်းနည်း

ကွန်ပျူတာတစ်လုံးအတွင်းရှိ အရေးကြီးသည့် Data များဖြစ်သည့် Photo ၊ Movies ၊ Microsoft Word Files များစသည်ဖြင့် Private Data များကို .Bat ဖိုင် တည်ဆောက်၍ လွယ်ကူစွာသိမ်းဆည်းထားနိုင်မည်ဖြစ်ပါသည်။ Password များဖြင့် သိမ်းဆည်းသည့်ပုံစံမဟုတ်ခြင်းကြောင့် Password မေ့လျော့၍ Data များဆုံးရှုံး ရခြင်းအန္တရာယ်မှ ကင်းဝေးစေပါသည်။
Folder Lock စသည့် Software များကို အသုံးပြုခြင်းမဟုတ်သည့်အတွက် အခြားသူများ၏ အာရုံစိုက်မှုကိုနည်းစေ၍ Private Data များကို လုံခြုံစွာ သိမ်းဆည်းနိုင်ပါသည်။ Private Data များကို သိမ်းဆည်းရန်အတွက် အောက်ပါအတိုင်းလုပ်ဆောင်ရပါမည်-
၁။ New Folder တစ်ခုတည်ဆောက်၍ File Name ကိုကြိုက်နှစ်သက်ရာပေးနိုင်ပါသည်။ ယခုပြုလုပ်ပြမည့် နမူနာတွင် general ဟုပေးလိုက်ပါမည်။ ထို general အမည်နှင့် folder အ တွင်းသို့ သိမ်းဆည်းလိုသည့် Data များကိုထည့်သွင်းပေးရပါမည်။

၂။ Notepad ကိုဖွင့်၍ အောက်ဖော်ပြပါ Code များကိုကူးယူ၍ထည့်သွင်းပေးရပါမည်။ အနီဖြင့် ဖော်ပြထားသည့် general သည် သိမ်းဆည်းလိုသည့် Data များကို ထည့်သွင်းထားသည့် Folder Name ဖြစ်ပါသည်။ Folder Name ကိုနှစ်ခါထပ်ရေးပေးရပါမည်။ ထို့နောက်ကြိုက်နှစ် သက်ရာအမည်ဖြင့် .bat နှင့်သိမ်းဆည်းရပါမည်။ ထို .bat File သည် Folder ကို သိမ်းဆည်း ရန်အတွက်ဖြစ်ပါသည်။ ယခုပြုလုပ်မည့် နမူနာတွင် log.bat ဟု သိမ်းဆည်းလိုက်ပါမည်။
ren general general.{21EC2020-3AEA-1069-A2DD-08002B30309D}
၃။ Notepad တစ်ခုကိုထပ်ဖွင့်၍ အောက်ပါစာသားများကို ကူးထည့်ပေးရပါမည်။ ထို့နောက် ကြိုက်နှစ်သက်ရာအမည်ပေး၍ .bat ဖြင့်သိမ်းဆည်းပေးရပါမည်။ key.bat ဟုသိမ်းဆည်းပေး လိုက်ပါမည်။ ထိုkey.bat သည် သိမ်းဆည်းထားသည့် Data များကို ပြန်လည်ဖော်ထုတ် အသုံးပြုနိုင်ရန်အတွက် ဖြစ်ပါသည်။
ren general.{21EC2020-3AEA-1069-A2DD-08002B30309D} general 
၎။ ထို့နောက် log.bat File ကို Double Click ပေးလိုက်ပါက general အမည်ဖြင့် Folder သည့် Control Panel Shortcut ပုံစံသို့ပြောင်းလဲသွားပါမည်။ ၄င်းကိုဖွင့်လိုက်ပါကလည်း မူရင်း Control Panel အတွင်းသို့ရောက်ရှိသွားမည်ဖြစ်ပါသည်။ သိမ်းဆည်းထားသည့် Data များကို တွေ့မြင်ရတော့မည်မဟုတ်ပါ။
 

No comments:

Post a Comment